လင့်ဇ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ အော်စတာပန်ကို


ဖေဖော်ဝါရီ ၄

ဩစတြီးယားနိုင်ငံ၊ လင့်ဇ်မြိုမှာ ကျင်းပနေတဲ့ လင့်ဇ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင်အဆင့်-၁ ရထားတဲ့ လတ်ဗီးယားတင်းနစ်မယ် အော်စတာပန်ကို ဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ ပါတယ်။ ဒီပြိုင်ပွဲကို ဒုတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အော်စတာပန်ကို အနေနဲ့ ဖေဖော်ဝါရီလ ၂ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဗြိတိန်တင်းနစ်မယ် ဘာရေ့ချ် နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယအဆင့်တုန်းက ပြိုင်ဘက်ကို ပထမပွဲလတ်ရှုံးပြီးမှ နောက်ကနေ အနိုင်ရအောင် ပြန်လိုက်ကစား ခဲ့ရတဲ့ အော်စတာပန်ကို က အခုကွာတားပွဲမှာတော့ အမှားအယွင်းမရှိအောင် သတိထားပြီး ကစားသွားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက် ဘာရေ့ချ် အနေနဲ့ သေချာပြင်ဆင်လာခဲ့ပေမယ့် လက်စွမ်းချင်းမမျှတဲ့အတွက် အော်စတာ ပန်ကို ကပဲ ပွဲချိန်ပြည့်နီးပါး အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၁ နာရီနဲ့ ၁၀ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် အော်စတာပန်ကို က (၆း၁၊ ၆း၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ အော်စတာပန်ကို က ရုရှားတင်း နစ်မယ် ပက်ဗလူချန်ကိုဗာ နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#PAN