မြောင်မြို့နယ် ပရိမ္မကျေးရွာအတွင်းရှိ အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၄

ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအတွင်း တာဝန်သိပြည်သူများ၏ လျှိုဝက်သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF အဖွဲ့များ သိမ်းဆည်း ထားသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှ်ိရပါသည်။

အဆိုပါ ကျေးရွာအတွင်းမှ လက်လုပ်မိုင်း ၁၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ်ဘက္ထရီအိုး ၂ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသလို စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေသော အကြမ်းဖက် PDF အမည်ခံများကို မြေပြင်လျှိုဝက်သတင်းများရယူ၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို တပ်ရင်းတပ်ဖွဲ့များက အရှိန်မြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရသဖြင့် ပြည်သူများက အားရဝမ်းသာထောက်ခံမှုများရှိကြောင်း မြေပြင်သတင်းများအရ သိရှိရသည်။

PAN