ဖေဖော်ဝါရီ ၂ ရက်နေ့မှ စပြီး YBS(89) နဲ့ YBS(72) ယာဉ်လိုင်းများတွင် YPS QR Code ကို အသုံးပြုပြီး ယာဉ်စီးနင်းခ ပေးချေနိုင်


ဖေဖော်ဝါရီ

ဖေဖော်ဝါရီ ၂ ရက်နေ့မှ စပြီးတော့ YBS (72) နဲ့ YBS (89) ယာဉ်လိုင်းများတွင် YPS QR Code ကို အသုံးပြုပြီး ယာဉ်စီးနင်းခ ပေးချေနိုင်ပြီလို့ Yangon Payment Services- YPS လုပ်ငန်းက ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ YPS QR Code ကို အသုံးပြုရန်အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ထားဖို့ လိုအပ်တာကြောင့် Google Playstore နှင့် Huawei AppGallery မှတစ်ဆင့် Download နိုင်သလို YBS(89)နဲ့ YBS(72) ယာဥ်လိုင်းများတွင် Download ပြုလုပ်နိုင်ရန် QR Code Sticker များကို ကပ်ပေးထားပြီး MPyps+ Application ကို ရယူသုံးစွဲနိုင်ပြီလို့ သိရပါတယ်။

YBS ကားစီးတိုင်း ယာဉ်စီးခအကြွေနဲ့ ပတ်သက်ပြီး အခက်အခဲမဖြစ်ရအောင် YPS Card ကို အသုံးပြု နိုင်သလို YBS QR Code ကိုလည်း အသုံးပြုနိုင်တယ်လို့ လည်း ဆိုပါတယ်။ YPS card Services များ နှင့် YPS QR Code Top Up Service ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ (KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့်ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့် ကုန်တိုက်များ နှင့် Wellington Pharmacy များတွင် အလွယ် တကူ ရယူနိုင်ပါတယ်။ YBS (37), YBS (43), YBS (96), YBS (104) နှင့် YBS (109) ယာဉ်လိုင်းများတွင် အခု ဖေဖော်ဝါရီ ၁ ရက်က စပြီးတော့ YPS QR Code စနစ်နဲ့ ယာဉ်စီးနင်းခ ပေး‌ချေနိုင်တယ်လို သိရပါတယ်။

PAN