အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူး ပေါင်းအဖွဲ့များက ကော့ကရိတ်မြို့ရှိ အရပ်သား ပြည်သူများနေအိမ်များကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၃

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅) ရပ် ကွက်၊ ရတနာလမ်း၊ တောင်သူချောင်တွင်ရှိသောနေအိမ်များမှာ ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန် မီး လောင်ကျွမ်းခဲ့ရာ ၎င်း ရပ်ကွက်တွင်နေထိုင်သော အိမ်စောင့်များက ၀ိုင်း၀န်းမီးငြိမ်းသတ်မူကြောင့် မွန်းလွဲ ၁ နာရီတွင်မီးထိန်းနိုင်ခဲ့ပြီး နေအိမ် ၄ လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ မီးမှာ အကြမ်းဖက်သောင်းကျန်းသူ KTLA/PDF များက မီးရှို့ခဲ့ဖြစ်ပြီး ကော့ကရိတ်မြို့၊ ကျုလရာတန်းက ဦးဒါဝတ်၊အရိုးဘိုင်၊ဆရာမဒါ်ခင်မာဝင်း၊ ဦးသန်းဌေး နေအိမ် ၄ အိမ် မီးလောင်းကျွမ်းခဲ့ကြောင်း အကြမ်းဖက်သောင်း ကျန်းသူများဘက်မှ ”ကော့ကရိတ်မြို့က စကစရဲ့ ဒေါက်တိုက်တစ်တိုင်ကို လဲပြိုနိုင်ခဲ့သည်” ဟုသတင်းဖော်ပြခဲ့သည်။

      အလားတူ အကြမ်းဖက်သောင်းကျန်းသူ KTLA/ PDF များသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မြဝတီမြို့၊ သင်္ဃန်းညီနောင် ရွာသစ်ရှိစာသင်ကျောင်းအတွင်း ဝင်ရောက်နေရာယူမူများကြောင့် ကျောင်ဆရာ/မများနှင့် ကျောင်း သား / သူ များကျောင်းမှနေအိမ်အသီးသီးသို့ပြန်သွားနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

      မြဝတီမြို့ မှ သင်္ဃန်းညီနောင် သွားလမ်းပေါ်ရှိ ကုန်သွယ်ရေးဇုန် ဘယ်ဘက်ခြမ်းတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA/ PDF အင်အားအများအပြား ရောက်ရှိနေကြောင်း၊ အာရှလမ်းကို ပိတ်ရန်အတွက် ကား တာယာဂွင်းများအားလမ်းမပေါ်စုပုံနေကြောင်း သိရသည်။

      အလားတူ အကြမ်းဖက်သောင်းကျန်းသူ KTLA/ PDF အယ်စေးဝါး(လက်ပြတ်) ဦးစီးအင်အား ၁၂၀ ခန့် သည် ယနေ့ နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာရွာတွင် ကား ၁၂ စီးဖြင့်ရောက်ရှိလာပြီး ခေတ္တနားနေကြောင်း၊ ကျိုက်ဒုံသို့ စစ်ကူသွားရောက်ရန်ဖြစ်ကြောင်း ဒေသခံ ရွာသားများထံမှ သတင်းရရှိပါ သည်။

#PAN