“ပြင်သစ်တွင် ဈေးတစ်ခုအား စီးနင်းရန်ကြိုးပမ်းခဲ့သည့် လယ်သမား ၉၀ ကျော်အား ရဲတပ်ဖွဲ့ဖမ်းဆီး ထိန်းသိမ်း”

ဇန်နဝါရီလ ၃

ပြင်သစ်နိုင်ငံတွင် ဈေးတစ်ခုအား ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သည့် လယ်သမား ၉၀ ကျော်အား ရဲ တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း BFM ရုပ်သံက ဖေဖော်ဝါရီလ ၁ ရက်တွင် ဖော်ပြသည်။ ထိန်းသိမ်းခံရသည့် လယ်သမားများသည် ပဲရစ်မြို့တော် အနီးရှိ ရမ်ဂီဈေးအတွင်းသို့ စီးနင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့အနေဖြင့် လယ်သမားများ၏ ဆူပူသောင်းကျန်းမှု၊ ရဲတပ်ဖွဲ့ဝင်များ အား တိုက်ခိုက်မှု စသည့် ဥပဒေချိုးဖောက်မှုများကို သည်းခံမည်မဟုတ်ကြောင်း၊ လယ်သမားအချို့သည် ရမ်ဂီ ဈေးအတွင်းသို့ စီးနင်းဝင်ရောက်ရန် ကြိုးပမ်းခြင်းကြောင့် ၎င်းတို့အား ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ပဲရစ်မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ လောရင့်နူနက် က ပြောသည်။ ပြင်သစ်လယ်သမားများသည် ပြိုင်ဘက်များ၏ ညီမျှမှုမရှိသော ပြိုင်ဆိုင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒပြလျက်ရှိပြီး ပဲရစ်မြို့အနီးရှိ ရမ်ဂီဈေးအတွင်းသို့ အကြီးစား မော်တော်ယာဉ်များကို မောင်းနှင်ဝင်ရောက်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း သိရသည်။
  မကြာမီ သီတင်းပတ်များအတွင်းကလည်း လယ်သမားများသည် အစိုးရ၏ စိုက်ပျိုးရေးမူဝါဒများအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နိုင်ငံအတွင်းရှိ အဝေးပြေးလမ်းမကြီးများအား ပိတ်ဆို့ခြင်း၊ အစိုးရ အဆောက် အအုံများရှေ့တွင် ဓာတ်မြေဩဇာများကို စွန့်ပစ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ အစိုးရ၏ စိုက်ပျိုးရေးမူဝါဒများ သည် တရားမျှတမှုမရှိဟု လယ်သမားများက ယူဆနေပြီး အထူးသဖြင့် နိုင်ငံအတွင်း၌ ရေသွင်းစိုက်ပျိုးရေး ထုတ်ကုန်များအား အစိုးရက တင်သွင်းခြင်းကို ဆန့်ကျင်လျက်ရှိကြောင်း Sputnik သတင်းဌာနတွင်ဖော်ပြထား သည်။

#PAN

Telegram link

https://t.me/positiveanglenews