“ထိုင်းသို့ MoU လုပ်သား ၃၆,၀၀၀ ကျော်စေလွှတ်ခဲ့”

ဖေဖော်ဝါရီလ ၃

ပြီးခဲ့တဲ့ဇန်နဝါရီလက ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမား ၃၆,၄၂၂ ယောက်စေလွှတ်ခဲ့ပြီး ပြည်ပ အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့  မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်း ရှင်များအသင်း MOEAA က အမှုဆောင်အဖွဲ့ဝင်များနဲ့ တွေ့ဆုံရာတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါ တယ်။
အလုပ်ခေါ်စာများကို အွန်လိုင်းစနစ်နဲ့ လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပြီး ဇန်နဝါရီလအတွင်းက အလုပ် ခေါ်စာ အစောင်ရေ ၁,၁၂၆ စောင်ရှိခဲ့ရာ အလုပ်သမား ၃၆,၄၂၂ ဦးကို ပြည်ပအလုပ်အကိုင် ရရှိအောင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကို သွားရောက်မယ့် MoU အလုပ်သမားတွေ အဆင်ပြေ စေဖို့ ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးနဲ့ စေလွှတ်ခွင့်ပြုနိုင်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး က ဆက်လက် ပြောကြားခဲ့ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews