သူလျှိလုပ်ဆောင်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများအား ရပ်တန့်ရန် အမေရိကန်အား တရုတ်တောင်းဆို


ဖေဖော်ဝါရီ ၂

အမေရိကန်အနေဖြင့် တစ်ကမ္ဘာလုံးတွင် သူလျှိလုပ်ဆောင်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင် နေခြင်းအား ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီလ ၁ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှု များအား ဆန့်ကျင်ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ဆိုက်ဘာလုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့် အခြား နိုင်ငံ များအား စွပ်စွဲနေခြင်းကိုလည်း ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ပင်း က ပုံမှန်ပြုလုပ်မြဲဖြစ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထိုပြင် တရုတ်နိုင်ငံသည် ဆိုက်ဘာတိုက်ခိုက်မှုအား ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်ကပင် ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်နေ သည့် အကြီးဆုံးရင်းမြစ်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန် ဆိုက်ဘာတပ်ဌာနချုပ် က အခြားနိုင်ငံများ၏ အရေးကြီး အခြေခံအဆောက်အဦများအား ပွင့်လင်းစွာဖော်ပြနေခြင်းသည် အမေရိကန်၏ဆိုက်ဘာတိုက်ခိုက်မှုများအတွက် တရားမဝင်လုပ်ဆောင်မှုပင် ဖြစ်ကြောင်း တရုတ်နိုင်ငံက တုံပြန်ပြောကြားထားကြောင်း ဆင်ဟွာ သတင်းဌာန တွင် ဖော်ပြထားသည်။

#PAN