မြစ်ကြီးနားမြို့ ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ကက်သလစ်ရဟန်း ဖာသာမုန်မိုင်၏ မိခင်ဖြစ်သူကို လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၂

ယမန်နေ့ ညနေပိုင်း ၆ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာနေ ဒေါ်အင်ခွန်လုအောန် ဆိုသူအမျိုးသမီးတဦး၏ နေအိမ်သို့ မျက်နှာဖုံးများဝတ်ဆင်ထားသည့် အမျိုးသား ၉ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် နေအိမ်ခြံဝင်းအတွင်းသို့ စီးနင်းဝင်ရောက်လာပြီး အိမ်ရှင်ဖြစ်သူ ဒေါ်အင်ခွန်လုအောန်ကို ထင်းချောင်းများ၊ တံမြက်စည်းများဖြင့် ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရိုက်နှက်ခံထားရသည့် ဒေါ်အင်ခွန်လုအောန်၊ အသက် ၅၀ နှစ်ကျော်ခန့်မှာ တကိုယ်လုံးတွင် ညိုမဲစွဲဒဏ်ရာနှင့် ဖူးယောင်ဒဏ်ရာများ ရရှိထားပြီး KBC မှ ဖွင့်လှစ်ထားသည့် ဆမာရိဆေးခန်းတွင် ဆေးကုသမှုခံယူနေကြောင်း အိမ်နီးချင်း လူငယ်တစ်ဦးထံမှ သိရှိရပါသည်။

ဒေါ်အင်ခွန်လုအောန်သည် လိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထာရသော မြစ်ကြီးနားမြို့၊ အမှတ်(၂)ရဲစခန်းတွင် ဝရမ်းထုတ်ခံထားရသည့် ကက်သလစ်ရဟန်း ဖာသာမုန်မိုင်၏ မိခင်ဖြစ်ကြောင်း သိရှိရသည်။

၎င်း၏သားဖြစ်သူ ဖာသာမုန်မိုင်ကို ၂ဝ၂၃ ခုနှစ်က အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ဘုရားကျောင်းနှင့် နောင်နန်းကျေးရွာအုပ်စုရှိ နေအိမ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲများကဖမ်းဆီးရန် ၀င်ရောက်ရှာဖွေခဲ့သော်လည်း လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ မြစ်ကြီးနားသာသနာ၏ အကြီးအကဲများဖြစ်သော ကာဒီနယ်ချားလ်စ်မောင်ဘိုနှင့် ဘုန်းတော်ကြီး ဖာသာ ဒေါက်တာယုံဝါတို့က ၂၈.၄.၂၀၂၃ ရက်နေ့တွင် ၎င်း ဖာသာမုန်မိုင်ကို ကာနွန်ဥပဒေအရ ရဟန်းဘဝမှရပ်စဲခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

#PAN