မြစ်ကြီးနားမြို့ အင်ဂျန်ဒုံနယ်မြေ အဝိုင်းပတ် လမ်းလယ်ကျွန်းကိုတိုက်မိပြီး အရှိန်လွန်သွားကာ တိမ်းမှောက်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၂

ယနေ့ မွန်တည့် ၁၂ နာရီအချိန်ခန့်တွင်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ကားပေါ်စီးနင်းလိုက်ပါလာသူ ၃ ဦးမှ ထွက်ပြေးသွားကြောင်း သိရှ်ိရပါသည်။

တိမ်းမှောက်သွားသောအဆိုပါ လောင်စာဆီများသယ်ထားသည့် PARADO အမျိုးအစားအိမ်သုံးကားဖြစ်ပြီး အင်ဂျန်ဒုံနယ်မြေ အဝိုင်းပတ် လမ်းလယ်ကျွန်းကိုတိုက်မိပြီး အရှိန်လွန်သွားကာ တိမ်းမှောက်ခဲ့သည်ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကို ဒေသခံများက အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းဋ္ဌာနများသို့ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် ကူညီရေးအသင်းထံဆက်သွယ်ကာအကူအညီတောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews