ခင်ဦးမြို့နယ် ကလုံကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ အလောင်း လက်နက် ခဲယမ်း နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၂

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် ၊ကလုံကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းလှုပ်ရှားနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေအသေးစိတ်ရှင်းလင်းဆောင်ရွက်စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လူနေတဲ ၂ လုံး၊ အချုပ်ခန်း ၁ ခု၊ ကွန်ကရစ်အလံခုံ(ခင်ဦးမြို့နယ် ပလဖစာတန်းပါ) ၁ ခု၊ ခန်းမ ၁ ခု၊ အိုင်ကွန်အထိုင်စက် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှ်ိအကြမ်းဖက်အဖွဲ့များ၏ လူမဆန်စွာ လက်နက်အားကိုးဖြင့် ဒေသတွင်းပြည်သူများအပေါ် ဆိုးဝါးစွာရက်စက်မှုများလုပ်ဆောင်လာကြသဖြင့် ဒေသတွင်းပြည်သူများက တပ်မတော်လုံခြုံရေး တပ်ရင်းတပ်ဖွဲ့များထံ လျှိုဝက်သတင်းပေးပို့များ များပြားလာသလို နယ်မြေရှင်းလင်းရေးစစ်ကြောင်းများက လိုအပ်သောနည်းလမ်းများအသုံးပြု၍ နှိမ်းနင်းဆောင်ရွက်လျှက်ရှ်ိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews