ကျေးဇူးတော်ရှင် ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၃) နှစ်မြောက် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်


ဖေဖော်ဝါရီ ၂

ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၃) နှစ်မြောက် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ဖေဖော်ဝါရီ ၄ ရက်၊တနင်္ဂနွေနေ့တွင် အခမဲ့နိဗ္ဗာန်ဈေး/ စတုဒီသာမဏ္ဍပ်များ” ကြိုတင်ပြင်ဆင်နေမှုများလုပ်ဆောင်နေကြကြောင်း သိရှိရပါသည်။

ဝင်းစိန်ဆရာတော်ကြီး သက်တော် ၁ဝ၃ နှစ်မြောက် မွေးနေ့ပူဇော်ပွဲကို သားတော်ဦးဇင်းလေး(အရှင်ဧသောဟုလာ)က ကြီးမှူးကျင်းပပြုလုပ်မည်‌ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၄ ရက်နေ့၊တနင်္ဂနွေနေ့၊ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန် မွေးနေ့တွင် စေတီ ၂ဆူ ထီးတင်ခြင်း (ရှင်ဥပဂုတ္တရုပ်ထုတော်အနီး)၊ ၈ နာရီ ၃ဝ မိနစ်အချိန်တွင် (ကိုကျော်ကြီးရည်စူး) ဧည့်ဆောင်သစ်ဖွင့်ပွဲကျင်းပခြင်း (ဓမ္မာရုံခေါင်းရင်း)၊ ၉ နာရီအချိန်တွင် ကျေးဇူးတော်ရှင် ဝင်းစိန်ဆရာတော်ကြီးနှင့် သာသနာပြုဖော် ပုဂ္ဂိုလ် ၃၄ ပါး၊ ၁၀ တောင် ၁၂ တောင် ဘိုးဘိုးတို့ကို ပုဂ္ဂိုလ်ဆွမ်းဆက်ကပ်ခြင်း၊ ကောင်းမှုကုသိုလ်အစုစုကို ရေစက်ချအမျှဝေခြင်း (ဓမ္မာရုံအတွင်း)၊ ၉ နာရီ ၃ဝ မိနစ်အချိန်တွင် ဝင်းစိန်ဆရာတော်ကြီး ရုပ်ခန္ဓာကို (ဝင်းစိန်ဆရာတော်ကြီး မိန့်တော်မူခဲ့သည့်အတိုင်း) သင်္ကန်းတော်လဲခြင်း (နိဗ္ဗာန်စံကျောင်းတော်)၊ပင့်ကျောင်း ၁၂ဝ မှ ဆရာတော်ကြီးများကို ဆွမ်း၊ နဝကမ္မအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊။ (ဓမ္မာရုံအတွင်း) စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ နိဗ္ဗာန်စံကျောင်းအရှေ့ စတုဒိသာမဏ္ဍပ် ၃ဝဖြင့် ထမင်း/ကြက်သားဟင်း/မျှစ်ချဉ်ဟင်း/ငါးပိ/တို့စရာ/သီးစုံဟင်း/ကြက်ဥဟင်း/အာလူးပဲပြား အုန်းနို့ချက်/ဟင်းမျိုးစုံ ဘူးသီးကြော်၊ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ နို့အေးဖျော်ရည်၊ နန်းကြီးသုပ်၊ မုန့်လက်ဆောင်း၊ ရေခဲမုန့်၊ လက်ဖက်ရည်/မုန့်၊ လက်ဖက်ထမင်း၊ သင်္ကြန်ထမင်း၊ နို့စိမ်းခေါက်ဆွဲ၊ သံပုရာရည်၊ ကွမ်းယာစသည့် စားဖွယ်ရာစုံလင်စွာကျွေးမွေးမည်ဖြစ်ပါ၍ရပ်နီး/ရပ်ဝေးမှ ဓမ္မမိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားထားကြောင်းသိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews