ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး၊ စော်ကား၊ ဖျက်ဆီးနေသည့် အကြမ်းဖက်များနှင့် သာသနာဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပ


ဖေဖော်ဝါရီ ၁

ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး၊ စော်ကား၊ ဖျက်ဆီးနေသည့် အကြမ်းဖက်များနှင့် ဘာသာပျက်များအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၂နာရီက ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုပြီး အမျိုးသားရေးဦးဆောင် ဆရာတော်မှ ပေးပို့သော သဝဏ်လွှာအား မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဆရာတော်က ဖတ်ကြားခဲ့သည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူများမှ ဟောပြောဆွေးနွေးပြီး ဆန့်ကျင်ရှုတ်ချပွဲသို့ တက်ရောက်လာသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများက ဒို့ဘာသာ၊ ဒို့သာသနာကို စော်ကားသူမှန်သမျှ (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဘုရား၊ စေတီ၊ ပုထိုးဖျက်ဆီးသူ အကြမ်းဖက်မှန်သမျှ (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်မှန်သမျှ (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သမားများ (အလိုမရှိ-အလိုမရှိ)၊ ဒို့ဘာသာကို စော်ကားနေသည့် သာသနာဖျက်လောက်ကောင် PDF များ (အလိုမရှိ-အလိုမရှိ)၊ အကြမ်းဖက်အားပေး PDF များ (အလိုမရှိ-အလိုမရှိ)၊ ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာအဓွန့်ရှည်တည်တံ့ရေး (ဒို့အရေး-ဒို့အရေး)၊ ဒို့စေတီများကို ကာကွယ်ရေး(ဒို့အရေး-ဒို့အရေး)၊ သာသနာဖျက် အကြမ်းဖက်များအား အမြစ်ဖြုတ်သုတ်သင်ရေး (ဒို့အရေး-ဒို့အရေး)၊ ကြွေးကြော်သံများဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။ယင်းနောက် “သမိုင်းသစ်ရေးမည့် မြန်မာပြည်” သီချင်းကိုစုပေါင်းသီဆို၍ ကန့်ကွက်ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

PAN