နွားထိုးကြီးမြို့နယ်အတွင်းရှိ တံဇောက်ချောင်းတံတား၌ လုံခြုံရေး ရဲကင်းစခန်းအား အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် Drop Bomb ၁လုံးချ တိုက်ခိုက်


ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်အမှတ် ၃၁၉/၆-၇၊တံဇောက်ချောင်းတံတား၌ လုံခြုံရေး ရဲကင်းစခန်းအား ယမန်နေ့မွန်လွှဲ၁၂နာရီခွဲအချိန်ခန့်က အကြမ်းဖက်အဖွဲ့(အင်အားစီစစ်ဆဲ)မှ Drone ဖြင့် Drop Bomb ၁လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးမှာ တံတားနှင့် ပေ ၂၀ခန့်အကွာ၊လုံခြုံရေးရဲကင်းနှင့် ၃ပေခန့်အကွာ၊လမ်းလယ်ကျွန်းနှင့် ၃၅ပေခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့​​ကြောင်း ၊ဗုံးကျရောက် ပေါက်ကွဲသည့်နေရာမှ ကွန်ကျူးပိုက်ဒလက်၊သတ္ထုအပိုင်းအစများ၊သံဘောစိငယ်များ တွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။

#PAN

Telegram Link

https://t.me/positiveanglenews