မြင်းမူမြို့နယ် လုံခြုံရေးအဖွဲ့အား အကြမ်းဖက်PDF က Drone ဖြင့် ဗုံးပစ်ချ တိုက်ခိုက်ခဲ့၍ သံဃာ ၁ ပါးဒဏ်ရာရ


ဇန်နဝါရီ ၃၀

ဇန်နဝါရီ ၂၈ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ ဥတ္တရာ ရာမဘုန်းကြီးကျောင်းအခြေပြု လုံခြုံရေးအဖွဲ့မှ အခြေပြုလုံခြုံရေးဆောင်ရွက်နေစဉ် မွန်းလွဲ ၁ နာရီ ၁၅ မိနစ် မှ ၂ နာရီ မိနစ် ၄၀အထိ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)က ဂွေးပင်တောကျေးရွာသုသာန်ဘက်မှ Drone ဖြင့် Drop Bomb ၈ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့ တိုက်ခိုက်ခဲ့ရာ အခြေပြုဝင်းအတွင်းရှိ ပင်မကျောင်းဆောင်ရှေ့တွင် ဗုံးသီး ၄ လုံး၊ ဆွမ်းစားဆောင်ရှေ့တွင် ဗုံးသီး ၁ လုံး၊ အရှေ့ဘက် ရေကန်ဘောင်ပေါ်တွင် ဗုံးသီး ၁ လုံး၊ ရှစ်မျက်နှာဘုရားရင်ပြင်ရှေ့တွင်ဗုံးသီး ၂ လုံးအသီးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသည့်နေရာ၌ ကွန်ကျူးပိုက်အပိုင်းအစများနှင့်သံတိုသံစများတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့်ကျောင်းထိုင်ဆရာတော် ဦးဧသိက ၆၆ နှစ်၊၄၆ ဝါတွင် ဝဲခြေသလုံး/ခြေကျင်းဝတ်ဗုံးစ ထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့်ကုသပေးလျှက်ရှိကြောင်း သိရပြီး လုံခြုံရေးအဖွဲ့ဝင်များက မြေပြင်သတင်းရယူ၍ အကြမ်းဖက်လုပ်ငန်းလုပ်ဆောင်နေသော အကြမ်းဖက်များကို ဆက်လက်ရှင်းလင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews