ဖားကန့်မြို့နယ် မော်ဝမ်ရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲရန် ဝေစုခွဲရာမှ အဝေမတည့်၍ စကားများပြီး ဓားထိုးမှုဖြစ်ပွား၍ သေဆုံး


ဇန်နဝါရီ ၃၀

ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်(၆)၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်း ၁ လောင်းတွေ့ရှိရကြောင်း သိရှိရသည်။

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်(၆)၊ ချောင်းဘေးတွင် တဲထိုးနေသူ အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး ယမန်နေ့ ညပိုင်းက ၎င်း၏ သူငယ်ချင်းဖြစ်သူနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ဝေစုခွဲရာမှ အဝေမတည့်၍ စကားများပြီး ဓားထိုးမှုဖြစ်ပွား၍ သေးဆုံးရခြင်းဖြစ်ကြောင်း မော်ဝမ်းရပ်ကွက် ကူညီရေးအသင်းထံမှ သိရှိရပါသည်။

အဆိုပါသေဆုံးသူသည် နားထင်‌နောက်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်ရှိပြီး ရုပ်အလောင်းကို ဖားကန့်မြို့နယ်ရှိ ဂရုဏာလူမှုကူညီရေးအသင်းမှ လိုအပ်သည့် သဂြိုလ်ရေးကိစ္စများကို တာဝန်ယူကူညီပေးခဲ့ကြောင်း၊ အလောင်းအား ဖားကန့်ခရစ်ယာန် သုဿန်သင်္ချိုင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဂရုဏာလူမှုကူညီရေးအသင်းမှ သိရှိရပါသည်။