ပျော်ဘွယ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ မြိုနယ်ကော်မတီဝင်ဟောင်း ၁ ဦးကို အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်


ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ဘွယ်-နတ်မောက်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၂/၃၊ တောင်ညောင်ကုန်းကျေးရွာနေသူ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်ဟောင်း ၁ ဦးကို ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်တွင် ဝင်ရောက် ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးတင်မိုးအောင်၊ ၅၀နှစ်၊ (ဘ)ဦးသန်းအောင်သည် နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF ၄ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ရာ ဦးတင်မိုးအောင်မှာ သေနတ်ထိမှန်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အကြမ်းဖက် PDF များသည် ပျော်ဘွယ်-နတ်မောက်သွား ကားလမ်းအတိုင်း နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။

PAN