ချမ်း​မြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးရုံးအတွင်း၌ ရာအိမ်မှူးတစ်ဦးကို အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်


ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်း​မြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၈×၆၉ လမ်းကြား၊ ၁၀၉ လမ်းရှိ မြို့သစ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ရာအိမ်မှူး ၁ ဦးအား အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးစည်သူဝင်း၊ ၃၀နှစ်၊ (ဘ)ဦးစိန်ဝင်း၊ အကွက်အမှတ်(ဆ-၂) ရာအိမ်မှူးသည် မြို့သစ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေစဉ် သေနတ်အတို ကိုင်ဆောင်ထားသူ အသက် ၃၈ နှစ်ခန့်၊ မျက်နှာချွန်၊ နဖူးပြောင်၊ ဂျာကင်အင်္ကျီ အနက်ရောင်၊ ဘောင်းဘီရှည် အနက်ရောင် ဝတ်ဆင်ထားသူမှ ရုံးအတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှာကြောင့် ဦးစည်သူဝင်း၏ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခက်သူအမျိုးသားမှာ အမျိုးသားတစ်ဦးနှင့်အတူ ရုပ်ဆိုးဆိုင်ကယ်(အနက်ရောင်)ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ၁၀၉ လမ်းအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးသွားကြောင်း၊ အခင်းဖြစ်နေရာမှ .၃၂ ကျည်ခွံ ၂ ခု၊ .၃၈၀ ကျည်ခွံ ၃ ခု၊ မပစ်ခတ်ရသေးသည့် .၃၂ ကျည် ၃ တောင့်၊ .၃၈၀ ကျည် ၂ တောင့်တို့အားတွေ့ရှိ ရကြောင်း၊ သေနတ်ထိမှန် ဒဏ်ရာရရှိသူကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။

PAN