ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မီးလောင်မှု​​ဖြစ်ပွားရာမှ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံး


ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ ရန်ကုန်-မန္တလေး မီးရထားလမ်း သံလမ်းနှင့် စီပါလမ်းမကြား၊မဏိရတနာလမ်းသွယ်၊ အကွက်(၈၅၃)တွင် ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ရာ ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၇ နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားသည့်အိမ်မှာ အိမ်ရှင်၊ ဦးမျိုးမင်းသန့် ၄၀ နှစ်၊(ဘ)ဦးသောင်း၊ အဲယားကွန်းပြင်၏ နေအိမ်မှ စတင်လောင် ကျွမ်းခြင်းဖြစ်ပြီး ၎င်း၏ ၂၀×၁၂ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ်နေအိမ် ၁ လုံး၊ တောင်ဘက်ကပ်လျက် ဦးသောင်း၏ ၁၅×၁၂ပေ သွပ်မိုး၊ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ မြောက်ဘက်ကပ်လျက် ဦးသန်းငွေ ၏ ၂၅×၂၀ပေ နံကပ် ၂ ထပ်တိုက် ၁ လုံးတို့အား ကူးစက်လောင်ကျွမ်းခဲ့ပြီး ဦးမျိုးမင်းသန့် ပိုင်ဆိုင်သည့် Light Truck အဖြူရောင်ယာဉ်နှင့် နံပါတ်မမှတ်မိ Zonshen-125 ခဲနက်ရောင် ဆိုင်ကယ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် အကြောင်းမှာ ဦးမျိုးမင်းသန့်၏ နေအိမ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီး ပူဇော်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၉၉၀၀၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၄ နာရီကျော်အချိန်ခန့်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၈ ၊ရတနာလမ်းနှင့် ရွှေတော်ဝင် ၂ လမ်းထောင့်၊ အိမ်အမှတ်(ယ/၆၄)၊ဦးထွန်းထွန်းစိုး၊ ၅၆နှစ်၊(ဘ)ဦးစိုးမြင့်၊ ပြင်ဦးလွင်မြို့နယ်၊ ယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ၏နေအိမ် အလျား ၃၀ပေ၊ အနံ ၄၀ ပေ သွပ်မိုး၊ အုပ်ကာ၊တစ်ထပ်ခွဲတိုက် တွဲလျက် အခန်းအတွင်း အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း၊ အဆိုပါ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ငြိမ်းသတ်ခဲ့ရာ ၄ နာရီ ၂၅ မိနစ်ခန့်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အ​ဆောက်အဦး၊ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၉၅၀၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရရှိသည်။

PAN