ကျိုက်ဒုံမြို့ထဲကို အကြမ်းဖက်သောင်းကျန်းသူများက Drone ဖြင့်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိပ်လန့်နေ


ဇန်နဝါရီ ၃၀

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကို KNUလက်အောက်ခံ KNLAအဖွဲ့၊ အယ်ဆေးဝါးဦးစီး LionBattlionနှင့် အကြမ်းဖက် PDF များမှ Drone များအသုံးပြုပြီး ပစ်ခတ်နေခြင်းကြောင့် ့် ဒေသခံများ စိုးရိမ်ထိပ်လန့့််နေကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ KNU လက်အောက်ခံ အကြမ်းဖက်သောင်းကျန်းသူများမှ မြို့တွင်းသို့ ဒရုန်း ၆ စင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများ၏သတင်းပေးပို့ချက်အရ သိရှိရပြီး ကျိုက်ဒုံမြို့ရှိ ဒေသခံပြည်သူအချို့ မြို့အတွင်းတွင် ပိတ်မိနေသည်ဟုလည်း သိရသည်။

KNU ဒူပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ တပ်စခန်းကုန်းများကိုလည်း KNU လက်အောက်ခံ အကြမ်းဖက်သောင်းကျန်းသူ KNLAအဖွဲ့နှင့် အယ်ဆေးဝါးဦးစီးLionBattlion စစ်ကြောင်းတို့မှ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ နေ့စဥ် ဒရုန်းများနှင့်ပစ်ခတ်နေကြောင်းလည်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ ရပ်ကွက် (၄)မှာရှိသည့် ကျေးလက်ကျန်းမာရေး ဌာနရုံးကို မေ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

PAN