ကချင်ပြည်နယ် တိုက်ပွဲသတင်း


ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံစီနှင့်မံဝိန်းကြီးကြား ကားလမ်းမပေါ်ရှိ ကိုင်းထိပ်ရှေ့တန်းတပ်စခန်းကို အကြမ်းဖက် KIAနှင့် PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားအသုံးပြု၍ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်မှစ၍ အဆိုပါစခန်းကို သိမ်းပိုက်နိုင်ရေး အပြင်းအထန်တိုက်ခိုက်နေကြောင်း၊ အကြမ်းဖက်အဖွဲ့မှ စခန်းကုန်းကိုလက်နက်ကြီး၊ ဒရုန်းဗုံးများချခြင်း အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်သားလုံခြုံအဖွဲ့များက စခန်းမကျအောင် ပြန်လည်ခုခံနေသဖြင့် တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သေနတ်သံများ လုံးဝတိတ်ဆိတ်သွားခဲ့ကြောင်းသိရှိရပြီး နောက်ဆုံးအခြေအနေကို မသိရှိရသေးကြောင်း မြေပြင်သတင်းအရ သိရှိရပါသည်။
ထို့အတူ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေထိ မံစီမြို့နယ်အတွင်းရှိ အခြားသောတပ်စခန်းများကိုလည်း အကြမ်းဖက် KIA ,PDFတို့က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှသိရှိရပါသည်။

ဇန်နဝါရီ ၂၈ ရက်န့ ညသန်းခေါင်ယံချိန် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁)ကျေးရွာရှိ လော်ဝေါ် ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင်၏ (Latsa Hkawng Dau)နေအိမ်ကိုလည်း ပစ်ခတ်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊
ယခုတိုက်ခိုက်ခဲ့သည့်အဖွဲ့အစည်းမှာလည်း အကြမ်းဖက် KIA, PDFတို့၏ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊
ထိုသို့ နေအိမ်တိုက်ခိုက်ခံရခြင်းကြောင့် ဦးလစားခေါင်ဒေါင်အပါအ၀င် ၎င်း၏သားဖြစ်သူနှင့်တပ်ဖွဲ့ဝင်အချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိနေအိမ်နှင့်ထိုနေရာတဝိုက်ကို တပ်မတော်နှင့်ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ တို့ကသွားရောက်ကာ နယ်မြေရှင်းလင်းခြင်းများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှသိရှိရပါသည်။

ထို့ကြောင့် ယမန်‌နေ့ ညနေ ၄ နာရီချိန်အထိ ဖားကန့်မြို့နယ်၊ ဆိပ်မူ ၊ မှော်ရှန်ဘုန်းကြီးကျောင်းများသို့ ဝှေခါစစ်ဘေးရှောင်ပြည်သူ ၅၀၀ ဦးထပ်မံရောက်ရှိ‌နေ
ကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews