SKY NET ပိုက်ကျော်ခြင်းဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အားထစ် ပါဝင်တဲ့ Late Thone Kaung Club

ဇန်နဝါရီ ၂၉

SKY NET ပိုက်ကျော်ခြင်းပြိုင်ပွဲ 2024 ဗိုလ်လုပွဲမှာ အားထစ် ဦးဆောင်ပါဝင်ခဲ့တဲ့ Late Thone Kaung Club က ၃ ယောက်တွဲပြိုင်ပွဲနှင့် ၄ ယောက်တွဲပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ SKY NET ပိုက်ကျော်ခြင်းပြိုင်ပွဲ 2024 ဗိုလ်လုပွဲ ပွဲစဥ်‌တွေကို ဇန်န၀ါရီလ ၂၈ ရက်က ရန်ကုန်မြို၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်မှာ Late Thone Kaung Club က Khit Kyaung Thar Club ကို (၈-၁၅)၊ (၁၇-၁၆)၊ (၁၄-၁၇)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိသွားပါတယ်။ အမျိုးသား ၄ ယောက်တွဲ ဗိုလ်လုပွဲစဥ်မှာ Late Thone Kaung Club က Kyaung Sayar Club ကို (၁၃-၁၅)၊ (၁၅-၁၂)၊ (၁၅-၁၉)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိ ဗိုလ်စွဲသွား ခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်တွေအပြီးမှာ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာ၀န်ရှိသူတွေ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ်မှတာ၀န်ရှိသူတွေနဲ့ SKY NETမှ တာ၀န်ရှိသူတွေက ဆုရရှိတဲ့အသင်းတွေကို ဆု‌များ ပေးအပ်ချီးမြှင့်ပါတယ်။ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ပထမဆုကို Apple Club၊ ဒုတိယဆုကို Huamei Myanmar Club တိုက ရရှိခဲ့ကြောင်း သိရပါတယ်။

PAN