သံဖြူဇရပ်မြို့နယ် ကရုပ္ဗိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ၅ ဦးကို အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီး လက်နက်ခဲယမ်း အချို့ယူဆောင်သွား


ဇန်နဝါရီ ၂၉

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ဗိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၅ ဦးအား ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း သိရှိရပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်(ခ)ဦးကာတွန့်အပါအဝင်အဖွဲ့ဝင် ၅ ဦးတို့သည် ဦးမောစိန်ပိုင်ဆိုင်သော ရာဘာခြံအတွင်းသို့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်း၏ရာဘာခြံလုပ်သား ဦးမြ၀င်း၊ဦးစိုးမင်း၊ မောင်ခော်ကွန်းတို့သည် ခြံအတွင်းရှိနေစဉ် အကြမ်းဖက်ခေါင်းဆောင်(စီစစ်ဆဲ) ၁၂ ဦးမှ ဖိုးဝိးမော်တော်ယာဉ် ၁ စီး(အဖြူရောင်)အေဒီဗင် ၁ စီးတို့ဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းကြောင့်​ ပြည်သူ့စစ်ခေါင်းဆောင် ဦးကာတွန့်နှင့် ကိုင်ဆောင်သည့် ၃၈ ဗို့ ခြောက်လုံးပြူး ၁လက် ၊ ၎င်းကျည် ၆ တောင့် ၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဓောင် ကိုင်ဆောင်သည့် 47 ၁ လက် ၊ ၎င်းကျည် ၂၀ တောင့်တို့ကို သိမ်းဆည်းခံရသည့်အပြင် ဦးကာတွန့် ပိုင်ဆိုင်သည့် အဖြူရောင်ယာဉ်ဖြင့် ဦးကာတွန့်အား ခေါ်ဆောင်ပြီး ၎င်း၏နေအိမ်သို့သွားရောက်ပြီး နေအိမ်၌ ထိန်းသိမ်းထားသည့်ပြည်သူ့စစ်အဖွဲ့ပိုင် 41၊47(၂)လက်၊ အမ်-၁၆ ၁လက်၊စုစုပေါင်း ၃လက်(ကျည်မဝါ) တို့ကို သိမ်းဆည်းယူ‌ဆောင်သွားကာ ကရုပ္ဖိ-ဝဲကလောင်း-အံခဲကျေးရွာလမ်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အံခဲကျေးရ္တ၁အနှီးရှိ တာဝါတိုင်လမ်းအတိုင်း သံဖြူဇရပ်-ရေး အဝေးပြေးကားလမ်းဘက် မောင်းနှင်ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

PAN