သီပေါ – လားရှိး ကွန်ခိုက်ယာယီချောင်းကူးတံတားကို ဖြတ်သန်းခွင့်ပြု

ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမှ လားရှိးသို့ ဖြတ်သန်းသွားလာရန် ယာယီဆောက်လုပ်ထားတဲ့ ကွန်ခိုက် ချောင်းကူးတံတားကို ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းမှ စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ပြုပေးထားသေးတယ်လို သိရပါတယ်။ ကွန်ခိုက်ယာယီတံတားမှ ဖြတ်သန်းသွားလာခွင့်အတွက် အိမ်စီးယာဥ်ငယ် ခရီးသည်တင်ယာဉ်ငယ်များ၊ ကုန်တင်ယာဉ်ငယ်(ကုန်မပါ)များကို ခွင့်ပြုထားတယ်လို့ သိရပါတယ်။

အဆိုပါကွန်ခိုက်တံတားကို သီပေါဘက်မှလာပါက စဥ့်အင်တံတားအနီးမှ ညာဘက်လမ်းအတိုင်း ၁၅ မိနစ်ခန့် မောင်းနှင်ရပြီး၊ လားရှိးဘက်မှလာပါက စဥ့်အင်ရွာအဝင် ဘယ်ဘက်သို ၁၅ မိနစ်ခန့် မောင်းနှင်ပါက ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကွန်ခိုက်တံတားသစ်ကြောင့် ယခင် သီပေါ – လားရှိးသို့သွားလာတဲ့ ကုံးမုံ-နမ္မလမ်းပိုင်းထက် အချိန် ၁ နာရီခန့် သက်သာမှာဖြစ်တယ်လို့ သိရပါတယ်။

PAN