ဘာစီလိုနာအသင်းကနေ ရာသီကုန်မှာထွက်ခွာတော့မယ့် နည်းပြ ဇာဗီ


ဇန်နဝါရီ ၂၉

ဘာစီလိုနာအသင်းနည်းပြ ဇာဗီ ဟာ ဇွန်လမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲတော့မယ်လို ဗီလာရီးရဲလ်အသင်း နဲ့ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဗီလာရီးရဲလ် အသင်းကို အံ့အားသင့်စရာကောင်းလောက်အောင် ၉၀ မိနစ်နောက်ပိုင်း သွင်းဂိုးတွေနဲ့ ဂိုးပြတ် ရှုးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ဇာဗီ က အသင်းရဲ့ ဘုတ်အဖွဲနဲ့ စကားပြောခဲ့ပြီး အသင်းက ထွက်ခွာဖို အချိန်တန်ပြီဖြစ်တယ်လို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နည်းပြ ဇာဗီ လက်ထက်မှာ လာလီဂါဖလားတစ်လုံးနဲ့ စပိန်စူပါဖလားတစ်လုံးရရှိထားပါတယ်။

PAN