ဓနုဖြူ-ရန်ကုန်သွား ကားလမ်းပေါ်တွင် ၁၂ ဘီးကားနှင့် ဆီဘောက်ဆာကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံး


ဇန်နဝါရီ ၂၉

ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ရန်ကုန်သွား ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၄/၃)ကြားတွင် ၁၂ ဘီးကားနှင့် ဆီဘောက်ဆာကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆီဘောက်ဆာကားပေါ်မှ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဆီဘောက်ဆာကားက ယာဉ်မောင်းမှာ ကားပိ၍သေဆုံးသွားခဲ့ပြီး၊ ယာဉ်နောက်လိုက်မှာ ခေါင်းနဲ့ ဒူးတွင် သွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)ကာ ဆန်တင်သော ၁၂ ဘီးကားမှ ၁ ယောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပုဏ္ဏမာပရဟိတလူမှုကူညီရေးအသင်းမှ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

PAN