တပ်မတော်မှ ကျေးရွာ ၂ ရွာနှင့် ရေစကြိုမြို့၊ ကြူကျေးရွာ အား တပ်မတော်မှ မီးရှိဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ


ဇန်နဝါရီ ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် တပ်မတော်က ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သမင်ခြံကျေးရွာနှင့် သူဌေးကုန်းကျေးရွာ ၂ ရွာကို မီးရှိဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဒေသခံများနှင့် သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သမင်ခြံကျေးရွာနှင့် သူဌေးကုန်းကျေးရွာများ အတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်မှနယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများမှ လူနေအိမ်အချိုကို မီးရှိဖျက်ဆီးထွက်ပြေးသွားသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက်တွင်လည်း ရေစကြိုမြို့နယ်၊ ကြူကျေးရွာကို တပ်မတော်မှ မီးရှိဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး ဖြစ်စဉ်အမှန်မှာ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိအခြေပြု၍ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံတစ်ဦးမှ သတင်းပေးပို့သည့်အတွက် လုံခြုံရေးတပ်ဖွဲဝင်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများမှ ကြူကျေးရွာအား မီးရှိထွက်ပြေးသွားခဲ့သည့်အတွက် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက် မီဒီယာများက နယ်မြေဒေသများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

PAN