ကိုရီးယားမှ ရာသီချိန်လုပ်သားခေါ်ယူစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိသေးကြောင်းသိရ


ဇန်နဝါရီ ၂၉

၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေးကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံကနေ သိရပါတယ်။ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရာသီချိန်လုပ်သားများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ကနေခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ရာသီချိန်လုပ်သား အလုပ်အကိုင်ဟာ ၈ လလုပ် ၄ လနားစနစ်နဲ့ ကာလတို လုပ်ကိုင်ရခြင်းဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှလည်း ရာသီချိန်လုပ်သားစေလွှတ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြမှုများရှိတယ်လို သိရပါတယ်။

မြန်မာနဲ့ကိုရီးယား ဒေသန္တရအစိုးရအချင်းချင်း MoU လက်မှတ်ရေးထိုးမှုများ ပြုလုပ်ထားတယ်လို့ အလုပ်သမားဝန်ကြီး ဌာနက အသိပေးထားပေမယ့် ရာသီချိန် လုပ်သားစေလွှတ်ရေးနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အစိုးရမှထုတ်ပြန်ရာမှာ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ လက်ရှိမှာ တောင်ကိုရီးယား နိုင်ငံသို EPS စနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA က စေလွှတ်နေခြင်းဖြစ်တယ်လို သိရပါတယ်။

PAN