အက်ဖ်-၁၆ တိုက်လေယာဉ်များကို တူကီယဲသိုရောင်းချရန် အမေရိကန်ခွင့်ပြု


ဇန်နဝါရီ ၂၈

တူကီယဲနိုင်ငံသည် ဆွီဒင်နိုင်ငံကို နေတိုးအဖွဲဝင်နိုင်ငံအဖြစ် အပြည့်အဝထောက်ခံခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲက တူကီယဲသို အက်ဖ်-၁၆ တိုက်လေယာဉ် အစင်း ၄၀ နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချရန် ခွင့်ပြုခဲ့သည်။

တူကီယဲနိုင်ငံသို အက်ဖ်-၁၆ တိုက်လေယာဉ် အစင်း ၄၀ နှင့် ဆက်စပ်ပစ္စည်းများရောင်းချရန် ခွင့်ပြု ပေးကြောင်းကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲက ဇန်နဝါရီလ ၂၆ ရက်တွင် လွှတ်တော်သို အကြောင်းကြား ခဲ့သည်။ အဆိုပါ သဘောတူညီမှုမှာ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံတန်ကြေးရှိသည်။ တူကီယဲနိုင်ငံသည် ၎င်းတိုပိုင် အက်ဖ်-၁၆ တိုက်လေယာဉ်အုပ်စုကို အဆင့်မြှင့်တင်ရန် ကာလရှည်ကြာ နည်းလမ်းများရှာဖွေခဲ့သည်။ ယခုကဲ့သို တိုက်လေယာဉ်များ ရောင်းချခြင်းသည် တူကီယဲနိုင်ငံအနေဖြင့် မဟာမိတ်များကို ကာကွယ်ပေးရန်နှင့် ဒေသတွင် လုံခြုံရေးအတွက် နေတိုးအဖွဲ၏ စစ်ဆင်ရေးများတွင် အထောက်အကူဖြစ်စေမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တိုက်လေယာဉ်များ ရောင်းချခြင်းကြောင့် ဒေသတွင်း အခြေခံစစ်ရေးဟန်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

PAN