ဟူသီတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်ကို ဖိအားပေးရန် ဘိုင်ဒင်က ပေကျင်းကို တိုက်တွန်းခဲ့ပြီး ထိုင်ဝမ် လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တရုတ်က အမေရိကန်ကို သတိပေး

ဇန်နဝါရီ ၂၈

       အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ထိုင်းတွင် ဆွေးနွေးစဉ်အတွင်း အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဖြေလျှော့ရန်  အီရန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုရန် တိုက်တွန်းခဲ့သည်။  သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ကြား တွေ့ဆုံမှုတစ်ခု ကြိုတင်စီစဥ်မှုကို လုပ် ဆောင်ရန် တာဝန်ရှိသူများကလည်း သဘောတူညီခဲ့ကြသည်။

      ကယ်လီဖိုးနီးယားတွင် နိုဝင်ဘာလအတွင်း သမ္မတများ ဆွေးနွေးမှုများနောက်ဆက်တွဲဖြစ်သည့် ဘန် ကောက်မြို့၌ သောကြာနေ့နှင့် စနေနေ့ အစည်းအဝေးများသည် မကြာသေးမီက ထိုင်ဝမ်သမ္မတရွေးကောက် ပွဲတွင် ဘေဂျင်းက ဆန့်ကျင်သည့် အာဏာရပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ် စစ်ဘက်အရာရှိများသည် တစ်ချိန်က အေးခဲနေသော တွေ့ဆုံဆွေးနွေးမှုကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

      ယီမင်ရှိ အီရန်ကျော ထောက်နောက်ခံပြု ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများသည် ပင်လယ်နီတွင် ကမ္ဘာလုံးဆိုင်ရာ ပို့ ဆောင်ရေး ခြိမ်းခြောက်မှုများကို ၎င်းတို့က ဆက်လက်ပြုလုပ်နေကြသည်။

     အီရန်နိုင်ငံအပေါ် တရုတ်၏ ကျယ်ပြန့်သော စီးပွား ရေးလွှမ်းမိုးမှုကို ကိုးကားပြီး ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် နိုင်ငံတကာ ကူးသန်းရောင်း ဝယ်ရေးအပေါ် မတည်မငြိမ်ဖြစ်စေကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက Sullivan က ပြောကြားခဲ့သည်။ တရုတ်သည် တင်းမာမှုများ လျှော့ချရန် လူသိရှင်ကြား တောင်းဆိုခဲ့ကြောင်း အရာရှိက မှတ်ချက်ပြုခဲ့သော် လည်း ဘေဂျင်းသည် ဒီကိစ္စနှင့် ပတ်သက်ပြီး တီဟီရန်ကို ဖိအားပေးရန် ၎င်း၏ သံတမန်ရေးရာ ကြွက် သားများကို အသုံးပြုနေသလားဆိုသည်ကို ပြောရန် စောလွန်းပါသေးသည်ဟု ဆိုသည်။ Sullivan နှင့် Wang တို့ကြား လျှို့ဝှက်စကားပြောဆိုမှုများကို လူသိရှင်ကြား ဆွေးနွေးရန် တရားဝင်ခွင့်ပြုမထားဟု အမည်မဖော်လိုသူမှ ပြောဆိုခဲ့သည်။

     ထိုင်ဝမ်အတွက် လွတ်လပ်ရေးကို ထောက်ခံခြင်းမပြုရန် ဝါရှင်တန်က ကတိကဝတ်အတိုင်း ရပ်တည်သင့်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန် ကြီးဌာနက Wang က ပြောကြားခဲ့သည်။ ထိုင်ဝမ်ရွေးကောက်ပွဲတွင် လက်ရှိ ဒုသမ္မတ လိုင်ကျင်းတီ အနိုင်ရခဲ့ပြီး  ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်သဘော ထားကို မပြောင်းလဲဘဲ အမေရိကန်-တရုတ် ဆက်ဆံရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ ထိုင်ဝမ်လွတ်လပ်ရေးကိစ္စဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု AP သတင်းအရ သိရသည်။

#PAN