မူးယစ်ဂိုဏ်းများထံ အမေရိကန်စစ်တပ်အဆင့် လက်နက်များ ဝင်ရောက်လာမှုကို မက္ကဆီကို က အဖြေပေးဖို့ တောင်းဆိုလိုက်ဟု ဆို

ဇန်နဝါရီ ၂၈

     မက္ကဆီကိုအစိုးရသည် မူးယစ်ဆေးဝါးဂိုဏ်းများလက်သို့ အမေရိကန်အဆင့်လက်နက်များ မည်သို့အဆုံးသတ်သွားသည်ကို “အရေးတကြီး” စုံစမ်းစစ် ဆေးရန် တောင်းဆိုထားသည်ဟု Fox News အရ သိရသည်။

      “ဤကဲ့သို့သော လက်နက်များသည် ရာဇ၀တ်ကောင်များလက်ထဲသို့ ရောက်ရှိသောအခါအလွန်အန္တရာယ်ကြီးသည်” ဟုအမေရိကန်အရက်၊ ဆေး ရွက်ကြီး၊ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းဗျူရို (ATF) မှပြောရေးဆိုခွင့်ရှိသူ Kristina Mastropasqua က Fox News Digital သို့ပြောကြားခဲ့သည်။  “ပြည်သူတွေသာမက နယ်စပ်နှစ်ဖက်စလုံးက ဥပဒေအရာရှိတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။” ဟု ၎င်းက ဆို သည်။

      “Operation Southbound သည် အမေရိကန်မှ မက္ကဆီကိုသို့ သေနတ်များ ရောင်းဝယ် ဖောက်ကားမှုကို နှောင့်ယှက်ရန် ATF ၏ အဓိက စစ်ဆင်ရေး အစပျိုးမှုဖြစ်သည်” ဟု Mastropasqua မှ ရှင်းပြသည်။  “Operation Southbound သည် မက္ကဆီကိုသို့ မှောင်ခိုကူးနေသည့် လက်နက်အများစုသည် ထိုနေရာမှ အစ ပြုသဖြင့် အနောက်တောင်နယ်စပ်ပြည်နယ် လေးခုကို အာရုံစိုက်ထားသော်လည်း ၎င်းမှာ ထိုပြည် နယ်များအတွက် သီးသန့်မဟုတ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

   မက္ကဆီကိုသို့ မှောင်ခိုတင်သွင်းသည့် လက်နက် အရေအတွက်သည် တစ်နှစ်လျှင် တစ်သန်းခွဲအထိ ရှိနိုင်ကြောင်း ဇွန်လတွင် Voice of America က ဖော်ပြခဲ့သော်လည်း စုစုပေါင်းမှာ သေချာမှု မရှိသေးပါ။

    အဆိုပါပြဿနာသည် အမေရိကန်ပြည်ထောင် စုကို နှစ်ပေါင်းများစွာ အနှောက်အယှက်ဖြစ်စေခဲ့သည်။  ၂၀၁၂ ခုနှစ်တွင် သမ္မတအိုဘားမားသည် လက်နက်မှောင်ခိုရောင်းဝယ်မှုအပါအဝင် မူးယစ်ဂိုဏ်းများ၏ လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကအာရုံစိုက်သည့် နယ်ခြားစောင့် ကြပ်ရေးတပ်ဖွဲ့များကို တရားဝင်ဖွဲ့စည်းခဲ့သော် လည်း ပြဿနာမှာ သိသိသာသာ လျော့ပါးသွားခြင်းမရှိကြောင်း မက္ကဆီကိုတာဝန်ရှိသူများက ပြောကြားခဲ့သည်။

      “အမေရိကန်စစ်တပ်အတွက် သီးသန့်အသုံး ပြုရန်အတွက် မက္ကဆီကိုနိုင်ငံကို ဝင်ရောက်လာသည့် လက်နက်များအကြောင်း အမေရိကန် (မက္ကဆီကို) ကာကွယ်ရေးဌာနက သတိပေးထားပါတယ်” ဟု မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Alicia Bárcena က ပြောကြားခဲ့သည်။

     မက္ကဆီကိုစစ်တပ်သည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှစ၍ မူးယစ်​ဆေးဝါးဂိုဏ်းများထံမှ မောင်း ပြန်သေနတ် ၂၂၁ လုံး၊ လက်ပစ်ဗုံး ၅၆ လုံးနှင့် ဒုံးပစ်လောင်ချာတစ်ဒါဇင်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မက္ကဆီကိုစစ်တပ်က ပြောကြားခဲ့သည်။

       ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ Reuters အစီရင် ခံစာတစ်ခုတွင် Cartel Jalisco Nueva Generacion သို့ ၂၀၁၈ ခုနှစ်တွင် စနိုက်ပါရိုင် ဖယ်များအပါအဝင် စွမ်းရည်မြင့်လက်နက်များ စတင်ထောက်ပံ့ပေးခဲ့သည်ဟု Wisconsin ရှိ အမေရိကန်လက်နက်စက်ရုံတစ်ခု၏ ဥပမာတစ်ခုတွင် ထည့်သွင်းဖော်ပြခဲ့သည်ဟု Fox News က ဖော်ပြခဲ့သည်။

#PAN