“ငြိမ်းချမ်းအောင် ဆုတောင်းပြည့်” စေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်

ဇန်နဝါရီ   ၂၈

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၄)ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင် ဆုတောင်းပြည့်” စေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

ရှေးဦးစွာ “ နမောတဿ ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော် သံဃာတော်အရှင်သူမြတ်များတို့က ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ပေး၍ ဂျုံးဂျုံးကျတောရကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကိတ္တိဝဏ္ဏမှ သြဝါဒစကားမြွက်ကြားသည်။

ထို့နောက် စေတီတည်ထားကိုးကွယ်မည့် မြေနေရာရှိ အရပ်ရှစ်မျက်နှာ၌ ဆရာတော်ကြီးများ၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးမိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊အလှူရှင်များတို့ကနေရာယူ၍ မင်္ဂလာအချိန် တွင် ပန္နတ်တော်တင်ပြီး အမွှေးနံ့သာရည်များပတ်ဖျန်းပေးကာ “ဗုဒ္ဓသာသနံ စိရံတိ ဋ္ဌတု”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

#PAN