ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) အတွက် Logo Design ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်

ဇန်နဝါရီလ ၂၇

၁။ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ-အက်ခ်မက်) (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ACMECS) အဖွဲ့အတွက် Logo Design ပြိုင်ပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပထမဆု အမေရိကန်ဒေါ်လာ ၁,၀၀၀/-၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- ချီးမြှင့်သွားမည်ဖြစ်ပါသည်။

၂။ အဆိုပါပြိုင်ပွဲသို့ အသက် ၁၅ နှစ်နှင့်အထက် မြန်မာနိုင်ငံသားများ တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ Logo Design ၏ Theme မှာ “ACMECS as an adaptive and forward-looking sub-regional cooperation framework and connector with other sub-regional and regional frameworks towards a prosperous and sustainable Mekong sub-region” ဖြစ်ပါသည်။ ပြိုင်ပွဲလျှောက်လွှာများကို ACMECS Interim Secretariat ၏ အီးမေးလ် [email protected] သို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပေးပို့လျှောက်ထားနိုင်ပါသည်။

၃။ အက်ခ်မက် Logo Design ပြိုင်ပွဲဝင်သူများ သိရှိလိုက်နာရန်နှင့် နည်းပညာဆိုင်ရာ အဓိကအချက်အလက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က) ပြိုင်ပွဲဝင်သူသည် Logo Design ရေးဆွဲသူကိုယ်တိုင်ဖြစ်ရမည်။ Logo Design သည် မူရင်း ဖြစ်ရမည်။ အငြင်းပွား/ကန့်ကွက်ဖွယ်ရာများ မပါရှိရ။ အခြားအဖွဲ့အစည်း၏ ဉာဏပိုင်ဆိုင်မှု အခွင့်အရေးကို ဖောက်ဖျက်ခြင်းမရှိရ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ACMECS Interim Secretariat တို့သည် ပြိုင်ပွဲဝင် Logo Design နှင့်ပတ်သက်သည့် မူပိုင်ခွင့်ချိုးဖောက်မှု၊ ဉာဏပိုင်ဆိုင်မှု ချိုးဖောက်မှုများနှင့် ပြင်ပအဖွဲ့အစည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို တာဝန်မယူပါ။

(ခ) ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ACMECS Interim Secretariat တို့သည် ပြိုင်ပွဲဝင် Logo Design နှင့်ပတ်သက်သည့် မူပိုင်ခွင့်ချိုးဖောက်မှု၊ ဉာဏပိုင်ဆိုင်မှု ချိုးဖောက်မှုများနှင့် ပြင်ပအဖွဲ့အစည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို တာဝန်မယူပါ။

(ဂ) ဆုရရှိသည့် Logo Design သည် ACMECS Interim Secretariat ၏ ဉာဏပိုင်ဆိုင်မှုဖြစ်ပြီး၊ ဆုရရှိသူအနေဖြင့် ဆုလက်ခံပြီးသည့်အချိန်မှစ၍ ၎င်း Logo Design နှင့်ပတ်သက်၍ မည်သည့်အခွင့်အရေးမှ ခံစားနိုင်မည်မဟုတ်ပါ။

(ဃ) ပြိုင်ပွဲဝင်များသည် Logo Design ကို JPEG/PNG/PDF ဖိုင်အမျိုးအစားဖြင့် ပေးပို့ရမည်။ Logo သည် High Resolution နှင့် အနည်းဆုံး 300 DPI အရွယ်အစား ဖြစ်ရမည်။ ဒီဂျစ်တယ်နည်းပညာဖြင့် ရေးဆွဲထားသော Logo ဖြစ်ရမည်။ ပြိုင်ပွဲဝင်များသည် Logo Design ကို ရေစာ (imprint/watermark) ကဲ့သို့ ရေးဆွဲ၍ မရပါ။ Logo Design သည် အရောင်ဖြင့် ဖြစ်ရမည်။

(င) ဆုရွေးချယ်ခံရသူသည် ၎င်း Logo Design ကို အချိုးအစား အတိအကျ ဖော်ပြထားသည့် Specification Sheet ဖြင့် Final Design၊ Theme Synopsis နှင့် Concept တို့နှင့်အတူ ပေးပို့ရမည်။ ဆုရွေးချယ်ခံရသူသည် ၎င်း Logo Design ကို ပြုပြင်နိုင်သော Open File Format ဖြင့်လည်း ပေးပို့ရမည်။

၄။ ပြိုင်ပွဲဝင်များအား အောက်ပါအတိုင်း စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်-

(က) ပြိုင်ပွဲဝင်လျှောက်လွှာများကို ACMECS Interim Secretariat မှ စိစစ်လက်ခံ၍ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဆုရွေးချယ်ရေးကော်မတီမှ အကဲဖြတ်ရွေးချယ်မည်ဖြစ်သည်။

(ခ) ပြိုင်ပွဲဝင်လျှောက်လွှာများကို တီထွင်ဆန်းသစ်မှု၊ မူပိုင်ဒီဇိုင်းဖြစ်မှု၊ ဖွဲ့စည်းတည်ဆောက်မှု၊ နည်းပညာဆိုင်ရာအရည်အသွေးပြည့်ဝမှု၊ ရိုးရှင်းမှု၊ အနုပညာဆန်မှု၊ အမြင်သင့်လျော်မှုနှင့် Logo Design ၏ Theme နှင့် လိုက်လျောညီထွေရှိမှုတို့အပေါ် အခြေခံ၍ အကဲဖြတ်သွားမည်။

(ဂ) သတ်မှတ်ချက်နှင့်မကိုက်ညီသည့် ပြိုင်ပွဲဝင်လျှောက်လွှာများကို ACMECS Interim Secretariat မှ အသုံးပြုမည်မဟုတ်ပါ။ ပြိုင်ပွဲ/ပြိုင်ပွဲဝင်လျှောက်လွှာများ/ ဆုရရှိသူများနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ဆောင်ရွက်ရန်ကိစ္စရပ်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုင်းနိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

၅။ ပြိုင်ပွဲလျှောက်လွှာပုံစံ(Application Form)၊ Terms and Conditions နှင့် ပြိုင်ပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို https://shorturl.at/zAJOW နှင့် ပူးတွဲကြော်ငြာချက်ပါ QR Code တို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ရယူနိုင်ပါကြောင်း ဖော်ထားသည်။

#PAN