အိန္ဒိယနှင့်ပြင်သစ်နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် သဘောတူ


ဇန်နဝါရီလ ၂၇

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် တို့သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ 

ဝန်ကြီးချုပ် မိုဒီ သည် အိန္ဒိယနိုင်ငံ၏ သမိုင်းဝင်မြို့တော် ဂျိုင်ပါရ်တွင် သမ္မတ မက်ခရွန် ကို လက်ခံ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးစနစ်များ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို သဘောတူခဲ့ကြသည့်အပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ယီမင်၏ ဟူသီသူပုန်များက ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များကို နှောင့်ယှက်နေမှုနှင့်ပတ်သက်သည့် ပင်လယ်နီလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အနီးကပ်မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်လာပြီး နယူးဒေလီက ၎င်းတို့၏ လေယာဉ်တင် သင်္ဘောအတွက် ရာဖယ်လ်တိုက်လေယာဉ် ၂၆ စင်း ဝယ်ယူရန်ကြိုးပမ်းလျက်ရှိကာ ပြင်သစ်နိုင်ငံကလည်း အိန္ဒိယနိုင်ငံသို့ ရေငုပ် သင်္ဘောများ ထပ်မံရောင်းချရန် ဆန္ဒရှိနေကြောင်း သိရသည်။

#PAN