ဟုမ္မလင်းမြို့နယ် သနန်ကျေးရွာနေအပြစ်မဲ့ပြည်သူ ကလေးသူငယ်များအပါအဝင် ၄၁ ဦးကို ကူကီးချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ သတ်ဖြတ်မှုကို ကန့်ကွက်ရှုတ်ချပွဲပြုလုပ်၍ ဆန္ဒထုတ်ဖော်

ဇန်နဝါရီ ၂၇

ယနေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာဒေသခံ ရဟန်းရှင်လူပြည်သူများက ဦးဆောင်၍ ပြည်သူလူထု ၄၀၀ ဦးခန့်ဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ရှမ်းနီတိုင်းရင်းသားများအပေါ် လူမျိုးသုန်းသတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်သည့် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သောရက်များက သနန်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ကလေးသူငယ်များအပါအဝင် ၄၁ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် PDF အမည်ခံ ကူကီးချင်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ခိုပဲဝ ဆုတောင်းပြည့်ဘုရားဝန်း၌ ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

PAN