ကျောက်ဆည်မြို့နယ်တွင် နေအိမ်၌လူမရှိစဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွား


ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၊ဆူးကုန်းရပ်ကွက်ရှိ ဦးသန်းမြင့်ထွန်း၊(ဘ)ဦးကျော်ဝင်း၊လက်သမား၏ နေအိမ်၌ ယနေ့မွန်းလွဲ၃နာရီအချိန်ခန့်က လူမရှိစဉ် ရေခဲသေတ္တာဆော့ကက်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့်မွန်းလွဲ ၃နာရီ ၅၀မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။မီးလောင်မှုကြောင့် ၁၀ပေပတ်လည် ထရံကာ၊သွပ်မိုး ၁ထပ် နေအိမ် မီးလောင်ကျွမ်းခဲ့ကာ စုစုပေါင်းကာလတန်ဘိုး ၁၀၅၀၀၀၀ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

#PAN