အသံနှုန်းလွန်လက်နက်ပြိုင်ဆိုင်မှုတွင် အမေရိကန်က ရှုးနိမ့်နေပြီဟုဆို


ဇန်နဝါရီလ ၂၆

အမေရိကန်နိုင်ငံအနေဖြင့် အသံနှုန်းလွန်လက်နက်ပြိုင်ဆိုင်မှုတွင် ရှုးနိမ့်နေပြီဖြစ်ကြောင်း တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် အင်းဂတ်ကင်းက ပြောသည်။ အမေရိကန် ဆီးနိတ်လက်နက်ကိုင်အဖွဲ့များ၏ ကြားနာမှု တစ်ခုတွင် အင်းဂတ်ကင်း က မိမိတို့အနေဖြင့် အသံနှုန်းလွန်လက်နက်ပြိုင်ဆိုင်မှုတွင် ဆိုးဆိုးဝါးဝါး ရှုးနိမ့်နေပြီ ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲ အမီလိုက်နိုင်ဖို့ ဆောင်ရွက်ရန်ကိစ္စများစွာ ရှိကြောင်းပြောသည်။ ထိုပြင် ပင်လယ်နီဒေသအတွင်း အမေရိကန်ရေတပ်က လက်ရှိအသုံးပြုနေသောဒုံးကျည်များမှာ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိကြောင်းသိရပါသည်။


ဒုံးကျည်များ၏ ပစ်မှတ်များမှာလည်း ယင်းဒုံးကျည်၏ တန်ဖိုးထက်ပင် ၁ ရာခိုင်နှုန်းလောက်မရှိသည့် ဟူသီသူပုန်တို့ ပစ်ခတ်လိုက်သော ဒရုန်းများဖြစ်သည်ဟု အန်းပတ်ကင်း က ဆက်လက်ပြောသည်။ အသုံးပြု ခဲ့သော ဒုံးကျည်များသည် ဒေါ်လာ ၂ သန်းမှ ၄ သန်းကြားကုန်ကျမှုရှိပြီး ဘဲတစ်ကောင်ကို ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်သကဲ့သို့ဖြစ်ကြောင်း ဥပမာပေးပြောကြားခဲ့သည်။ အမေရိကန်အစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီများကို ရှင်းလင်းတိကျသော လမ်းညွှန်မှုများ မပေးနိုင်သည့် အတွက်ကြောင့် အသံနှုန်းလွန်ဒုံးကျည်ကဲ့သို့သော လက်နက်များကို ထုတ်လုပ်နိုင်ရန် အချိန်များစွာယူရဦးမည် ဖြစ်ကြောင်း လွှတ်တော်အမတ်တစ်ဦးက ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

PAN