မြန်မာနိုင်ငံမှာ ၃ နှစ်အတွင်း အွန်လိုင်းလိမ်လည်မှု ၄၈၂ မှုရှိခဲ့


ဇန်နဝါရီလ ၂၆

မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုအနေနဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ ၃ နှစ်အတွင်း အမှုပေါင်း ၄၈၂ မှုရှိခဲ့တယ်လို နစကဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေပါဝင်တဲ့ ငွေကြေးလိမ်လည်မှုတွေကိုကျူးလွန်ခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၂၃ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၅၉ ဦးကို အရေးယူနိုင်ခဲ့တယ်လို သိရပါတယ်။ လူမှုရေး၊ စီးပွားရေးတွေမှာ ဆိုရှယ်မီဒီယာတွေ အသုံးများလာတာနဲ့အမျှ အွန်လိုင်းစနစ်ရဲ့ လုံခြုံရေးကို သိရှိနားလည်ထားဖို လိုအပ်တယ်လို ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။

PAN