နွားထိုးကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လက်ပြန်ကြိုးတုပ်၍ သေနတ်ဖြင့် ပစ်သတ်

ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာ၌ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရှိရပါသည်။

အဆိုပါ သေဆုံးနေသူမှာ ကိုအေးချမ်း၊ ၂၄ နှစ်၊(ဘ)ဦးကျော်နိူင်ဦး၊ စျေးရောင်း၊ အောင်ပန်းကုန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူ(နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင်)အား ဝဲ/ယာလက်ပြင် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းယာဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် လက်ပြန်ကြိုးတုပ်လျက် လဲကျသေဆုံးနေကြောင်း သိရှိရပါသည်။

သေဆုံးသူသည် နွားထိုးကြီးမြို့ပေါ်သို့ ရှေ့နောက် နံပါတ်မပါ CZI ဆိုင်ကယ် အနက်ရောင်ဖြင့် စျေးသွားဝယ်ပြီးအပြန် အောင်ပန်းကုန်းကျေးရွာအဝင် ဆိုင်းဘုတ်အနီးအရောက်တွင် အမည်မသိ၊ အကြမ်းဖက်သမား ၃ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် သေနတ် အတို/အရှည်များ ကိုင်ဆောင်ကာ အသင့်စောင့်ဆိုင်းနေပြီး ကိုရေချမ်းအား လက်နောက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများမှာ သေဆုံးသူ၏ ဆိုင်ကယ်အား ယူဆောင်ကာ မလှိုင်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

#PAN