အင်းစိန်မြို့နယ် အုတ်ရေတွင်းလမ်းမပေါ်တွင် တောင်သူကုန်းရပ်ကွက် ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခံရ

ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ အုတ်ရေတွင်းလမ်းမပေါ်တွင် ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရကြောင်း သိရှိရပါသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခံရသည့် ရာအိမ်မှူးမှာ ဦးတွတ်ပီ(ခ)စောလယ်ထူး၊ အသက် ၅၈ နှစ်၊ (ဘ)စောသာထူး ၊ ကရင်/ဗုဒ္ဓ ၊ ရာအိမ်မှူး မ/၁၈၉၃၊ နှင်းဆီးခြံလမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ နေထိုင်သူ​ဖြစ်​ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် လဲကျနေကြောင်း သိရှိရပါသည်။ သေနတ်ဒဏ်ရာရရှိသူ ဦးတွတ်ပီ(ခ)စောလယ်ထူးအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကနဦးသတင်းရရှိသည်။

PAN