သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာအနီးရှိ ရော်ဘာခြံအတွင်းမှ ခိုးဝင်ဘင်္ဂါလီ ၁၁၇ ဦးဖမ်းဆီးရမိ

ဇန်နဝါရီ ၂၅

ယမန်‌နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် တရားမဝင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းလုံခြုံ‌ရေးအဖွဲ့များက သွားရောက် ရှာဖွေခဲ့ရာ ခိုးဝင်ဘင်္ဂါလီများဖမ်းဆီးရမိကြောင်း သိရှိရပါသည်။

အဆိုပါ ဘင်္ဂါလီများသည် သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာအနီးရှိ ရော်ဘာခြံတွင် ဘင်္ဂါလီလူမျိုး ကျား ၅၉ ဦး၊ မ ၅၈ ဦး၊ ပေါင်း ၁၁၇ ဦးကို နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင်ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖမ်းဆီးရမိသော ဘင်္ဂါလီများကို သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ထိန်းသိမ်းထားရှိပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်သိရှိကြောင်းသိရှိရပါသည်။

အဆိုပါ ခိုးဝင်ဘင်္ဂါလီများကို သံဖြူဇရပ်မြို့နယ်လဝကရုံးမှ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဥပဒေပုဒ်မ-၆ ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#PAN