ဘာစီလိုနာမှာ ကစားချင်တဲ့ ဂရင်းဝုဒ်

ဇန်နဝါရီ ၂၅

ဂီတာဖေးတိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းပြီး ကစားဖို့ နီးစပ်မှုရှိနေပြီလို့ သိရပါတယ်။

ဂီတာဖေးအသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတဲ့ ဂရင်းဝုဒ်ဟာ လာလီဂါမှာပဲကစားသမားဘဝကို ဆက်လက်ဖြတ်သန်းရှင်နေတာကြောင့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သူ့ရဲ့အေးဂျင့်ကို ပြောဆိုထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဂီတာဖေးကို အငှားနဲ့ရောက်ရှိလာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂရင်းဝုဒ်ဟာ စပိန်မြေမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့ပြီး စပိန်ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။