ဒေါ်အောင်ဆန်းစုကြည်အိမ်ကို အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် လေလံ ကြမ်းခင်းစျေး တရားရုံးက သတ်မှတ်ကြောင်း သတင်းထွက်ပေါ်

ရန်ကုန်၊ ၊ဇန်နဝါရီ ၂၅

ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြိုနယ်ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အား ကမာရွတ်ခရိုင်တရားရုံးမှ အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် လေလံ ကြမ်းခင်းစျေး ဈေး သတ်မှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သာကြီးဖြစ်သူနှင့် သမီးဖြစ်သူတို့အကြား အမွေဆိုင်ပြဿနာဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ ဦးအောင်ဆန်းဦးမှ အနိုင်ရရှိခဲ့ကြောင်းသတင်းထွက်ပေါ်လျက်ရှိသည်။
ကမာရွတ်ခရိုင်တရားရုံးမှ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ချမှတ်ခဲ့သည့် အမိန့်အရ အမေရိကန်ဒေါ်လာ သန်း ၉၀ မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ သတ်မှတ်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အဆိုပါနေအိမ်အရှေ့တွင် လေလံပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews