ငှက်ကြီးကွင်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာ၊ ကိုးကွေ့ကျေးရွာ(ပြည်ထဲရေးအမည် မပေါက်)အနီး ကားလမ်းမဘေးတွင် ပိတ်ဖြုပေါ်တွင် ခြိမ်းခြောက်စားများရေးသားပြီး၊ လက်လုပ်မိုင်း ၃ လုံး ထောင်ထားခဲ့ကြောင်း သိရှိရ

ဇန်နဝါရီလ ၂၅

ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ငှက်ကြီးကွင်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာ၊ ကိုးကွေ့ကျေးရွာ (ပြည်ထဲရေးအမည် မပေါက်)အနီး ကားလမ်းမဘေးတွင် ပိတ်ဖြုပေါ်တွင် ခြိမ်းခြောက်စားများ ရေးသားပြီး၊ လက်လုပ်မိုင်း ၃ လုံး ထောင်ထားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် “စခ ရခ ဒလနများ စဥ်းစားထား ပြည်သူ့ဘက်ပြောင်းဖို့”စာသားများကို ရေးသားထားပြီး ဆိုင်းဘုတ်ထောင်ထားကာ ဆိုင်းဘုတ်၏အောက် မြေကြီးပေါ်တွင် လက်လုပ်မိုင်း ၃ လုံး ထောင်ထားခဲ့ကြောင်း၊ ကျေးရွာဒေသခံများ၏ သတင်းပေးချက်အရ တပ်မတော်မှ သွားရောက်ရှင်းလင်းခဲ့ကြောင်း၊ မိုင်းများကို ပစ်ခွဲခဲ့ရာ ၂ လုံးပေါက်ကွဲပြီး ၁ လုံးမှာပေါက်ကွဲမှု မရှိကြောင်း၊ သိရှိရပါသည်။

PAN