ကျိုက်ထိုမြိုနယ်တွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက် တန်းကျောင်းတက်ရောက်နိုင်ရန်အသိပညာပေး‌ ဟောပြောပွဲ ပြုလုပ်

ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စက်မှု ၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတက်ရောက်နိုင်ရန် အတွက် အသိပညာပေး ဟောပြောပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၄ ရက်နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ကျိုက်ထိုခရိုင် ပညာရေးမှူး ဦးခိုင်ထွန်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဦးတို့က အမှာစကားပြောကြားပြီး မွန်ပြည်နယ်စက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာဖြိုးဝေလင်း က စက်မှုဘာသာရပ်အ ထူးပြုအကြောင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဗိုလ် က စိုက်ပျိုးရေးဘာသာရပ်အကြောင်းကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကို ကမွေးမြူရေးဘာသာရပ်အထူးပြုအကြောင်းကိုလည်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကျောင်းကို ၂၀၂၄- ၂၀၂၅ပညာသင်နှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အလယ်တန်းဆင့်(Grade-9)‌ အောင်မြင်ပြီးသောကျောင်းသား၊ကျောင်းသူများတက်ရောက်နိုင်ကြောင်းနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးနှင့် အသက်မွေးပညာရပ်ဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

PAN