ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ တစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ဇန်နဝါရီလ ၂၅

ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ကမ္ဘောဒီးယားကျန်းမာ ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက် က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ အမျိုးသား ကျန်းမာရေးအင်စတီကျူ၏ ဓာတ်ခွဲခန်းရလဒ်များအရ အမျိုးသားတစ်ဦးတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံ ထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသည် ဆေးရုံတွင် ဆေးဝါးကုသမှုများခံယူလျက်ရှိသည်။ မျောက်ကျောက်ရောဂါသည် မျောက်ကျောက်ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ရောဂါကူးစက်နိုင်ကြောင်း ပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံသတိပေးထားသည်။ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ ချက်ကြိုးမှတစ်ဆင့်ကလေးသို ရောဂါကူးစက်နိုင်ကြောင်းနှင့် မျောက်ကျောက် ရောဂါကူးစက်ခံရသူသည် မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ခန္ဓာကိုယ်၊ မျက်လုံးနှင့် ပါးစပ်တွင် အရည်ကြည်ဖုများ ထွက်ခြင်းစသည့် လက္ခဏာများဖြစ်ပေါ်လာပြီး အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်းနှင့် မောပန်နွမ်းနယ်မှုများကို ခံစားရကြောင်းသိရသည်။ အဆိုပါရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန သိုမဟုတ် ဆေးရုံများသို သွားရောက်ပြသသင့်ကြောင်း သတိပေးထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စပြီး လက်ရှိ အချိန်အထိ နိုင်ငံအတွင်း၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ လေးဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

PAN