MNDAA (ကိုးကန့်)အဖွဲ့က ရှမ်း ပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဖြန့်ဖြူးရောင်းချမည့် ကျပ်သိန်း ၁၀၃၆၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်မြို့တွင် ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၄

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်နယ်မြေ၊ အိမ်အမှတ် (၈၁) နေ စိုင်းဆွေဆိုင်း(ဘ) ဦးဆု၊ ၅၁ နှစ်၊ ရှမ်း/ဗုဒ္ဓ ၏ နေအိမ်အား ယမန်နေ့  ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့များသည် သ တင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ အဝတ်ဘီဒိုအောက်ဆုံးထပ်အတွင်းနှင့် PRADO အမျိုးအစား (လိုင်စင်မဲ့)ယာဉ် ခဲရောင်အတွင်းမှ WY စိတ်ကြွဆေးပြား သိန်း ၂၀ ပြား၊ ကာလတန် ဖိုး မြန်မာငွေ ကျပ်သိန်း ၈၀၀၀ ခန့်၊အိုက်စ် ၂၃ ကီလို ၊ ကာလတန်ဖိုး ကျပ် သိန်း ၁၈၄၀ ခန့်၊ ဘိန်း ၇၅ ကီလိုခန့်၊ စုစုပေါင်း ကျပ်သိန်း ၁၀၃၆၅ ခန့်တို့အား ရှာဖွေသိမ်းဆည်းရရှိခဲ့သည်။

      ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရအဆို ပါ မူးယစ်ဆေးဝါးများသည် “ဝ”နယ်မြေထဲမှ ဝယ်ယူလာပြီး NDAA (မိုင်းလား)အဖွဲ့မှ တစ်ဆင့် သယ်ဆောင်လာသည့် MNDAA (ကိုးကန့်) အဖွဲ့ပိုင် မူးယစ်ဆေးဝါးများဖြစ်ကြောင်း၊ ရှမ်း ပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဖြန့်ဖြူးရောင်းချမည့် ဆေး ဝါးများဖြစ် ကြောင်း သက်ဆိုင်ရာရဲမူးယစ်အထူးရဲတပ်ဖွဲ့ အမည်မဖော်လိုသူ တပ်ဖွဲ့၀င်တစ်ဦးထံမှသိရှိရသည်။

       အဆိုပါ MNDAA (ကိုးကန့်)အဖွဲ့သည် မြန်မာနိုင်ငံအတွင်း မှုးယစ်ဆေးဝါးများဖြန်ဖြူးပြီး ​ပြည်တွင်း လူငယ်များကို မူးယစ်ဆေးစွဲပြီး တိုင်းပြည်အင်အား ချိနဲစေလိုသော လူမျိုးရေးစိတ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် တပ်မတော်ကို တိုက် ခိုက်ရန် ၎င်း မူး ယစ်ဆေးဝါးများ ရောင်းချရရှိသော ငွေများဖြင့် လက်နက် ခဲယမ်းများဝယ်ယူရန်ဖြစ်ကြောင်း သိရပါသည်။

#PAN