အလံဖြူထောင်ပြီး မိသားစုတွေကို ကယ်ထုတ်ဖို့ တောင်းဆိုခဲ့သူကို အစ္စရေးစစ်တပ်က ပစ်သတ်

ဇန်နဝါရီ ၂၄


ဂါဇာကမ်းမြောင်ဒေသရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ အစ္စရေးစစ်တပ်က ဝင်ရောက်လာပြီးနောက် အလံဖြူထောင်ကာ မိသားစုများအား ဘေးကင်းရာကယ်ထုတ်ခွင့်တောင်းခံနေသည့် ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်မှ ပစ်ခတ်ခဲ့ကြောင်းသိရသည်။
သေဆုံးသူအမျိုးသားသည် အသက် ၅၁ နှစ်အရွယ် အဝတ်အထည်ရောင်းချသူတစ်ဦး ဖြစ်ကြောင်းသိရသည်။
အစ္စရေးစစ်တပ်မှ အဆိုပါပစ်ခတ်မှု ဖြစ်ပွားကြောင်းထွက်ပေါ်လာသည့်ရုပ်သံသည် တည်ဖြတ်ထားသည့် ရုပ်သံဖြစ်ပြီး ၎င်းချက်မပေးလိုကြောင်း ပြောကြားခဲ့သည်။

#PAN

Telegram link

https://t.me/positiveanglenews