ဝိုင်းမော်မြို့နယ် ၊ ရွှေညောင်ပင်ကျေးရွာရှိ လုံခြုံရေးဂိတ်ကို အကြမ်းဖက်KIA ,PDF ပူးပေါင်းအဖွဲ့တို့မှ လာရောက်ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီ ၂၄

ယမန်နေ့ ဝိုင်းမော်မြို့နယ် ၊ ရွှေညောင်ပင်ကျေးရွာ ၊ ရပ်ကွက် (၅) ဖော့စက်ရုံအနီးရှိ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်အဖွဲ့များကို အကြမ်းဖက်KIA ,PDF ပူးပေါင်းအဖွဲ့တို့မှ လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းပေးများထံမှသိရှိ ပါသည်။

အဆိုပါတိုက်ပွဲသည် ၁ နာရီခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါနေရာတွင် ဇန်နဝါရီ ၂၂ ရက်နေ့ ည‌ ၅ နာရီ ၃၀ မိနစ်အချိန်မှ ည ၈ နာရီ ၃၀ မိနစ်ခန့်အထိ ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံသိရှိရပါသည်။

ကျေးရွာအတွင်း လက်နက်ကြီးစနှင့်ကျည်ဆံများကျရောက်လေ့ရှိသောကြောင့် ဒေသခံပြည်သူများက အောင်မြေ (၁) ကျေးရွာသို့တိမ်းရှောင်နေကြောင်းနှင့် အချို့မှာကျေးရွာအတွင်း၌သာ ပုန်းခိုနေကြကြောင်း ရွှေညောင်ပင်ကျေးရွာမှ တိမ်းရှောင်လာသူများထံမှသိရှိရပါသည်။

ရွှေညောင်ပင်ကျေးရွာတွင် ယမန်နေ့ နံနက် ၃ နာရီခန့်က လက်နက်ကြီးသံများအချက် ၂၀ ထက်မနည်းကြားခဲ့ရကြောင်း ဒေသခံများထံကသိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews