ရော်နယ်ဒို၏ ဒဏ်ရာပြဿနာကြောင့် ခြေစမ်းပွဲစဉ်များ ရွှေ့ဆိုင်း

ဇန်နဝါရီ ၂၄

အယ်လ်နာဆာအသင်းရဲ့ တရုတ် ခြေစမ်းပွဲ ခရီးစဉ်ကို အယ်လ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဒဏ်ရာ အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ရပြီဖြစ်ကြောင်း ပွဲစီစဉ်သူတွေက တရားဝင် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အယ်လ်နာဆာဟာ ဇန်နဝါရီ (၂၄) ရက်နေ့နဲ့ (၂၈) ရက်နေ့တို့မှာ ရှန်ဟိုင်းရှန်ဟွာ၊ ရှန်ကျန်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုက ဒီမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာကတည်းက ဒဏ်ရာရရှိလာခဲ့တာကြောင့် အခု ခြေစမ်းပွဲနှစ်ပွဲစလုံးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

အခုလို ပွဲရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် ပွဲစီစဉ်သူတွေက ပရိသတ်တွေထံ တောင်းပန်စကားဆိုသွားခဲ့ပြီး ဒီပွဲကို လာရောက် ကြည့်ရှုမယ့် ပရိသတ်တွေရဲ့ လက်မှတ်တွေ လေယာဉ်ခတွေနဲ့ ဟိုတယ်တည်းခိုစရိတ်တွေ အားလုံးကိုပါ ပြန်အမ်းပေးသွားမယ်လို့ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုကလည်း ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ အခုလို ပွဲရွှေ့ဆိုင်းခဲ့တဲ့အပေါ် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေကြရပါတယ်။

China Tour ပျက်သွားလို့ ဆော်ဒီကို ပြန်သွားရတော့မယ့် အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ အင်တာ မိုင်ယာမီအသင်းနဲ့ ကစားရမယ့် ခြေစမ်းပွဲအတွက်သာ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။