ရုရှားကျူးကျော်မှုအဆုံးသတ်ရန် ယူကရိန်းက ပိုင်နက်ကို စွန့်လွှတ်ရမည်ဖြစ်သည်ဟု ဆလိုဗက်ဝန်ကြီးချုပ်ဆို

ဇန်နဝါရီ ၂၄

     ယူကရိန်းနှင့် ရုရှားတို့၏ စစ်ပွဲကို အဆုံးသတ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ကိယက်ဗ်က ကျူး ကျော်သူများလက်ထဲ ပိုင်နက်တချို့ကို စွန့်လွှတ်ပြီး ယူကရိန်းအတွက် နေတိုးအဖွဲ့ဝင်အဖြစ် ဆန့်ကျင်ကြောင်း ဆလိုဗက်ဝန်ကြီးချုပ် Robert Fico က ထပ် လောင်းပြောဆိုလိုက်သည်။

      မီဒီယာအစီရင်ခံချက်များအရ “အပေးအယူတစ်မျိုးမျိုးရှိရမယ်” ဟု Fico က Slovak အများပြည်သူ ရုပ်သံ RTVS သို့ စနေနေ့တွင် ပြောကြားခဲ့သည်။ “ရုရှားတွေက Crimea၊ Donbas နဲ့ Luhansk က ထွက်ခွာတော့မယ်လို့ သူတို့ဘာတွေမျှော်လင့်ထားလဲ။  အဲဒါ လက်တွေ့မကျဘူး။” ဟု ၎င်းက ဆိုသည်။

      စလိုဗက်ခေါင်းဆောင်နှင့် ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal တို့ ဗုဒ္ဓဟူးနေ့တွင် တွေ့ ဆုံရန် စီစဉ်ထားသော တွေ့ဆုံပွဲမတိုင်မီ NATO အဖွဲ့ဝင်အဖြစ် ယူကရိန်းနိုင်ငံသို့ ဝင်ရောက်ရန် ကမ်းလှမ်းမှုနှင့် ပတ် သက်ပြီး Fico က ထပ် လောင်းပြောကြားခြင်း ဖြစ် သည်။

      “နေတိုးတွင် ယူကရိန်းအဖွဲ့ဝင်အဖြစ်မှ ကျွန်ုပ်သည် ယူကရိန်းအဖွဲ့ဝင်ဖြစ်ခြင်းကို ဆန့်ကျင်ကြောင်းနှင့် ၎င်းကို ဗီတိုအာဏာသုံးမည်ဖြစ် ကြောင်း၊ Fico က Shmyhal ကိုရည်ညွှန်းပြီး ပြောကြားခဲ့သည်။  “ဒါဟာ တတိယကမ္ဘာစစ်အတွက် အခြေခံတစ်ခုပဲ၊ တခြားဘာမှ မရှိပါဘူး။” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

      ဒီဇင်ဘာလတွင် ယူကရိန်းအတွက် ယူရို ၅၀ ဘီလီယံ EU အကူအညီပေးရေးအစီအစဉ်ကို တားဆီးရာ တွင် ဟန်ဂေရီဝန်ကြီးချုပ် Viktor Orbán အား ဆလိုဗက်ဝန်ကြီးချုပ် သည် ပြီးခဲ့သည့်အပတ်က ထောက်ခံကြောင်း ဖော်ပြခဲ့သည်။  “နိုင်ငံတစ်နိုင်ငံဟာ သူ့ရဲ့အချုပ်အခြာ အာဏာအတွက် တိုက်ပွဲဝင်တဲ့အတွက် အပြစ်ပေးခံရမယ်ဆိုတာ ဘယ်တော့မှ သဘောမတူပါဘူး။  ဟန်ဂေရီကို ဒီလိုတိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ သဘောမတူပါဘူး” ဟု Budapest ၌ Orbán နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် Fico က အင်္ဂါနေ့က ပြောကြားခဲ့သည်။

      ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် ရပ်ဆိုင်းထားပြီးနောက် Slovakia ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ရုရှားနှင့် Belarus တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်မည်ဖြစ် ကြောင်း ကြေညာခဲ့သည်ဟု Politico သတင်းအရ သိရသည်။

#PAN